Events
Food Expo Pro 2025 ပြပွဲ ကျင်းပမည်
Updated At: 2025-07-11 10:51:16
ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၊ Hong Kong Convention and Exhibition Center ၌ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ Food Expo Pro 2025 ပြပွဲ ကျင်းပမည်ဖြစ်သည်။ အဆိုပါပြပွဲတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့အနေဖြင့် ၉ စတုရန်းမီတာ အကျယ်အဝန်းရှိသော ပြခန်းတစ်ခန်း (အခမဲ့) ပါဝင်ပြသနိုင်ပါကြောင်း သိရှိရသည်။
Food Expo Pro 2025 ပြပွဲကို ၃ ရက်ကြာ ကျင်းပြုလုပ်မည်ဖြစ်ပြီး ပထမနှစ်ရက်မှာ ကုန်သည်လုပ်ငန်းရှင်များ သီးသန့်ဖြစ်သည်။ ပြပွဲနောက်ဆုံးရက်ဖြစ်သည့် ၁၆ ရက်နေ့တွင် အများပြည်သူများပါ လာရောက်နိုင်မည်ဖြစ်သည်။
Food Expo Pro 2025 ပြပွဲတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့မှ ရရှိသည့် ပြခန်းတစ်ခန်း (အခမဲ့) တွင် မြန်မာနိုင်ငံမှ လာရောက်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၃၊ email: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်း ပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ